Transparency Myanmar

transparency.myanmar@gmail.com

YSSenator Pushing tiLiftSanctions Against Burma Did Not Invite Junta Opponents to the Hearing
ကိုဘာသာပြန်ဆိုထားခြင်းဖြစ်သည်။ မူရင်းဆောင်းပါးရှင်မှာPatrickGoodenough ဖြစ်သည်။

မြန်မာစစ်အစိုးရအပေါ်ထားရှိသည့် ပိတ်ဆို့အရေးယူမှု မူဝါဒဖယ်ရှားရေး ကိုလိုလားသော အမေရိကန်ဆီနိတ် ခေါင်းဆောင်အချို့၏ အရှေ့တောင်အာ ရှဒေသအပေါ်ထားရှိသော အမေရိကန် မူဝါဒရီဗျူးလုပ်သည့် ဆွေးနွေးပွဲသို့ တက် ရောက်ရန် မြန်မာအတိုက်အခံနိုင်ငံရေး အင်အားစုများကိုမဖိတ်ကြားခဲ့သည့် အတွက် ဒီမိုကရက်ပါတီမှာ ပြစ်တင်ဝေ ဖန်မှုများခံလိုက်ရသည်။ အမေရိကန်ပြည် ထောင်စု ဆီနိတ်၏ အရှေ့ အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ဆပ် ကော်မတီ ဥက္ကဋ္ဌ မစ္စတာဂျင်ဝက်ဘ် က မြန်မာအတိုက်အခံနိုင်ငံရေးပါတီ အား အဆိုပါဆွေး နွေးပွဲသို့တက်ရောက်ရန် မဖိတ်ကြားခဲ့ပေ။ ထို့အတူနိုင်ငံရေးလှုပ် ရှားသူ သံဃာတော်များကိုလည်း ဖိတ် ခေါ်ခဲ့ခြင်းမရှိပေ။

အမေရိကန်အစိုးရအနေဖြင့် မြန်မာ အစိုးရအပေါ်ထားရှိသော ပိတ်ဆို့အရေး ယူမှုများကို အမြန်ဆုံး ဖယ်ရှားသင့် ကြောင်း၊အ တိုက်အခံပါတီကြီး အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်ခေါင်း ဆောင်ဒေါ်အောင်ဆန်းစုကြည်ကိုလည်းလာ မည့်နှစ် ၂၀၁၀ ရွေးကောက်ပွဲ ၌ ပါဝင် ယှဉ်ပြိုင်ရန် စဉ်းစားသင့်သည်ဟု မြန် မာခရီးစဉ်အတွင်း အကြံပေးခဲ့သော ကြောင့် ဆီနိတ်တာ ဂျင်ဝက်ဘ်မှာ ဒီမို ကရေစီရေးလှုပ်ရှားသော အင်အားစုများ ၏ ဖိအားပေးဝေဖန်မှု အမျိုးမျိုးခံနေရ သည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလလောက် ကတည်းက မြန်မာနိုင်ငံအပေါ်ထားရှိ သော မူဝါဒကို ရီဗျူးလုပ်နေခဲ့သည့် အမေရိကန်အစိုးရသည် စက်တင်ဘာ လကုန်ပိုင်းအရောက်တွင် မြန်မာအစိုး ရနှင့် တိုက်ရိုက်စေ့စပ်ညှိနှိုင်းတော့မည် ဟု တရားဝင်ကြေညာလိုက်သည်။ သို့သော် စီးပွားရေးပိတ်ဆို့မှုကို ဖယ်ရှား မည်မဟုတ်ဟု ဆိုသည်။ အဆိုပါကြေ ညာချက်သည် အမေရိကန်လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကတ်ကမ်းဘဲလ် နှင့် မြန်မာအစိုးရခေါင်းဆောင်တို့ နယူး ယောက်မြို့တွင် ပဏာမ မိတ်ဆက်ဆွေး နွေးပွဲတစ်ရပ်ကို နှစ်နာရီတာမျှ ပြုလုပ် ပြီးနောက် ထွက်ပေါ်လာခဲ့သည်။ အမေ ရိကန် နိုင်ငံခြားရေးဝန်
ကြီးဋ္ဌာနမှ ပြော ရေးဆိုခွင့်ရှိသူက အဆိုပါဆွေးနွေးပွဲ သည် ဆယ်စုနှစ်များအတွင်း ပထမဆုံး ထိပ်တိုက်ရင်ဆိုင်ဆွေးနွေးမှုတစ်ရပ်ဖြစ် သည် ဟု ယုံကြည်ကြောင်းပြောကြား သည်။

နိုင်ငံရေးအကျဉ်းသားဟောင်းတစ် ဦးဖြစ်ပြီး လက်ရှိတွင် SY Campaign for burma (SYCB)၏ အမှုဆောင်ဒါ ရိုက်တာလည်းဖြစ်သူ ကိုအောင်ဒင်ကSYCB အနေဖြင့် မြန်မာစစ်အစိုးရအ ပေါ်အမေရိကန် အစိုးရ၏ချဉ်းကပ်မှု မူဝါဒသစ်ကို ထောက်ခံကြောင်းပြောဆို သည်။ သို့သော်အကယ်၍ စစ်အစိုးရက သာ အတိုက်အခံအင်အားစုများနှင့် ပူး ပေါင်းဆောင်ရွက်မှုမပြုလုပ်ဘဲ အရပ် သားများအပေါ်ဆက်လက်ဖိနှိပ်မှုများ ပြုလုပ်နေပါက အမေရိကန်အစိုးရအနေ ဖြင့် နောက်ထပ်ဖိအားပေးမှုများကိုထပ် မံလုပ်ဆောင်သင့်ကြောင်းပြောကြား သည်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အနေဖြင့် စစ်အစိုးရအပေါ်လက်နက် ကုန်သွယ်မှုပိတ်ပင်ရေးကို ပါအကောင် အထည်ဖော်သွားသင့်သည် ဟု ကိုအောင် ဒင်က ပြောသည်။

“စစ်အစိုးရနဲ့ အမေရိကန်အစိုးရတို့ စေ့စပ်ညှိနှိုင်းမှုတွေလုပ်တဲ့ကိစ္စဟာ အီလေးဆွဲပြီးသွားတဲ့ပုံစံမျိုးမဖြစ်သင့် ပါဘူး။ တိကျရေရာတဲ့ အချိန်ကန့်သတ် ချက်တို့၊ ရှင်းလင်းပြတ်သားတဲ့ စံသတ် မှတ်ချက်တို့နဲ့ လုပ်ဆောင်သင့်တယ်လို့ ကျွန်တော်တို့အဖွဲ့ကမျှော်လင့်ပါတယ်” ။

ပိတ်ဆို့မှုဖယ်ရှားရေးနှင့် အထီးကျန်နေ မှုအဆုံးသတ်ရေး

စက်တင်ဘာလ ၃၀ ရက်နေ့က Capitol Hill တွင်ပြုလုပ်သောဆွေးနွေး ပွဲ၌ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ကတ်ကမ်းဘဲလ်က စစ်အစိုးရနှင့် စေ့စပ် ညှိနှိုင်းမည်ဟူသော ကိစ္စမှာ အမေရိကန် ၏အကျိုးစီးပွားဖြစ်ကြောင်း၊ သို့သော် ပိတ်ဆို့အရေးယူမှုကိုဖယ်ရှားရေးသည် လွဲမှားသောဆုံးဖြတ်ချက်တစ်ရပ်ဖြစ် ကြောင်း ပြောဆိုသည်။ “အခုအချိန်မှာ စစ်အစိုးရကို ပိတ်ဆို့ အရေးယူ တဲ့မူဝါဒ တွေဖယ်ရှားလိုက်မယ်ဆိုရင် မြန်မာ့ဒီမို ကရေစီရေးအတွက် နှစ်ပေါင်းများစွာ တိုက်ပွဲဝင်လာသူတွေနဲ့ အမေရိကန်အစိုး ရရဲ့ မိတ်ဆွေတွေအပါအ၀င် မြန်မာနိုင် ငံရဲ့ခေါင်းဆောင်တွေကိုပါ လွဲမှားတဲ့ အရိပ်လက္ခဏာပြလိုက်သလိုဖြစ်သွား မှာပေါ့” ဟု သူကပြောသည်။

“ရှင်းရှင်းလင်းလင်းထပ်ပြောရရင် မြန်မာစစ်အစိုးရနဲ့ စစ်အစိုးရကိုထောက် ခံသူတွေ မြန်မာနိုင်ငံထဲကဖြစ်ရပ်တွေ ကိုအရေးတယူတုံ့ပြန်လာနိုင်ဖို့ တင်း ကျပ်တဲ့စီးပွားရေးပိတ်ပင်မှုတွေကို ဆက် လက်ထားရှိသွားမှာပါ” ။

ယင်းဆွေးနွေးပွဲတွင် အမေရိကန်ဆီ နိတ်တာ ဂျင်ဝက်ဘ်က မြန်မာအစိုးရ သည် အမေရိကန်အနေဖြင့် အပြုသ ဘောဆောင်သောပြောင်းလဲမှုများဖြစ် ပေါ်လာရေးအတွက် တွန်းအားပေးမှု များမပြုလုပ်နိုင်အောင် လုပ်ဆောင်ခဲ့ သည်ဟုဆိုသည်။ မြန်မာနိုင်ငံသည် အာ ရှအင်အားကြီးနိုင်ငံများဖြစ်သော တရုတ်နှင့် အိန္ဒိယတို့ကြားတွင်ရှိပြီး ယခု အခါတရုတ်ပြည်၏ သြဇာလွှမ်းမိုးမှုကို ခံနေရကြောင်း၊ နှစ်ကာလကြာရှည်စွာ အထီးကျန်ဖြစ်နေခဲ့မှုကြောင့် နောက်ဆုံး တွင်ဒေသတွင်းမဟာဗျူဟာပြောင်းလဲ မှုများကို အာရုံစိုက်နိုင်မှုလျော့နည်းလာ ကြောင်းပြောဆိုသည်။

SYCB အဖွဲ့က ဆီနိတ်တာဂျင်ဝက် က ထိုဆွေးနွေးပွဲသို့တက်ရောက်ရန် အမျိုးသားဒီမိုကရေစီအဖွဲ့မှ လွှတ်တော် ကိုယ်စားလှယ်များနှင့် ၂၀၀၇ စက်တင် ဘာလ အရေးအခင်းကိုဦးဆောင်ခဲ့သော သံဃာတော်များကို မဖိတ်ကြားခဲ့သည့် အတွက် လွန်စွာစိတ်ပူပန်မိကြောင်း သဘောထားထုတ်ပြန်သည်။ အဆိုပါ အမေရိကန်ဆီနိတ်၏အရှေ့ အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ဆပ် ကော်မတီ၏ မြန်မာ့အရေးကြားနာမှုနှင့် အမေရိကန် ပေါ်လစီဆွေးနွေးပွဲတွင် အမေရိကန်နိုင် ငံဖွား၊ ကုလသမဂ္ဂအရာရှိဟောင်းနှင့် သမိုင်းပညာရှင် ဦးသန့်မြင့်လည်းပါဝင် ခဲ့သည်။ သူက ဆွေးနွေးပွဲ၌ မိမိသည် ပိတ်ဆို့အရေးယူမှုအားလုံးကိုဖယ်ရှားပေး ပြီး နိုင်ငံတကာအသိုင်းအ၀ိုင်းတွင် မြန် မာနိုင်ငံအထီးကျန်ဖြစ်နေမှုအားအဆုံး သတ်စေရန် ဆန္ဒရှိကြောင်းပြောဆို သည်။

ထိုဆွေးနွေးပွဲ၏ အဖွဲ့ဝင်တစ်ဦးဖြစ် သော ဂျော့ခ်ျတောင်းယူနီဗာစတီ၊ အာရှ ရေးရာလေ့လာရေးဋ္ဌာန၏ ဒါရိုက်တာ ဒေးဗစ်စတိန်းဘတ်က စီးပွားရေးပိတ်ဆို့ မှုသည် မြန်မာ့နိုင်ငံရေး အပြောင်းအလဲ နှင့် ပြုပြင်ပြောင်းလဲမှု ကိုလိုလားသော အမေရိကန်အစိုးရ ၏ ဦးတည်ချက်များ တစ်စုံတစ်ခုမှ အကောင်အထည်မပေါ် ခဲ့ပါကြောင်း၊ သို့သော်စစ်အစိုးရဘက်က အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုမျိုး မပါဝင်ဘဲ ပိတ်ဆို့မှုကိုအစောတလျှင် မဖျက်သိမ်းသင့်သည်ဟု နားလည် သဘောပေါက်ထားကြောင်းပြောသည်။

စေ့စပ်ညှိနှိုင်းမှုများကိုတစ်ဆင့်ချင်း အကောင်အထည်ဖော်ဆောင်ရွက်သွား ခြင်းသည် သင့်လျော်သောလမ်းစဉ်ဖြစ် ပြီး ထိုလမ်းစဉ်ကြောင့် ဆက်ဆံရေးများ တိုးတက်လာနိုင်သည်ဟု စတိန်းဘတ်က ဆိုသည်။ သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေး၊ သဘာဝဘေးအန္တရာယ်ဆိုး ကြီးများကြိုတင်ကာကွယ်ရေး အစရှိ သောကိစ္စများတွင် ပူးပေါင်းဆောင်ရွက် ခြင်းအားဖြင့် ဆက်ဆံရေးများပိုမိုပြေပြစ် ကောင်းမွန်လာနိုင်သည်ဟု ဆိုသည်။ ထို့ ပြင် စစ်အစိုးရသည် ၁၉၈၉ ခုနှစ်တွင် သူကိုယ်တိုင်ဦးစီးပြောင်းလဲပစ်လိုက် သော မြန်မာနိုင်ငံ၏ အမည်နာမကိစ္စ ကိုလွန်စွာဂရုစိုက်ကြောင်း၊ အမေရိကန် အစိုးရက မြန်မာ ဟုတရားဝင်နာမည် ကို မခေါ်ဆိုဘဲ ဘားမား ဟုခေါ်ဆို နေခြင်းကို စစ်အစိုးရက စော်ကားမှုတစ် ခုအဖြစ်ရှုမြင်ကြောင်း စတိန်းဘတ်က ထောက်ပြပြောဆိုသည်။ သို့အတွက် ကြောင့်အမေရိကန်အစိုးရအနေဖြင့် အခြားနိုင်ငံများခေါ်ဆိုသည့် အခေါ်အ ဝေါ်အတိုင်း မြန်မာဟုပြောင်းလဲဆို ပါ က နှစ်နိုင်ငံဆက်ဆံရေးများ ပိုမိုကောင်း မွန်လာနိုင်သည်ဟု ဆိုသွားသည်။

ထိုဆွေးနွေးပွဲတွင် ပါဝင်သော နောက်ထပ် အဖွဲ့ဝင်တစ်ဦဖြစ်သူ ဒေး ဗစ်ဝီလျံက လာမည့်နှစ် ရွေးကောက်ပွဲ နှင့် စစ်အစိုးရ၏အငြင်းပွားဖွယ်ရာဖြစ် သော ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ တို့ကိုဖိုးကပ်စ်လုပ်ဆွေးနွေးသည်။ ၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့ သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အကယ်၍ နိုဗယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် အခြားသော နိုင်ငံရေးအကျဉ်းသားများ အားလုံးကို စစ်အစိုးရက မလွှတ်ပေးပါ က မိမိတို့အနေဖြင့် ၂၀၁၀ ရွေးကောက် ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်မှုပြုလုပ် မည်မဟုတ်ဟု သဘောထားထုတ်ပြန် ထားသည်။ ထို့အပြင် စစ်အစိုးရအနေ ဖြင့် ၂၀၁၀ ရွေးကောက်ပွဲကိုနိုင်ငံတကာ ၏ စောင့်ကြပ်လေ့လာမှုအောက်တွင်ပြု လုပ်ပြီး ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ၌ စစ်တပ်၏အခန်းကဏ္ဍလွန်စွာပါဝင် နေမှုအားလျှော့ချပေးရေးကိစ္စကို သဘောတူရန်တောင်းဆိုထားသည်။

ဆီနိတ်တာဂျင်ဝက်ဘ်က အမျိုးသား ဒီမိုကရေစီအဖွဲ့အနေဖြင့် အဆိုပါရွေး ကောက်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်ရန် အကြံပြုပြီး အမေရိကန်အစိုးရက ဆန္ဒမဲပေးသည့် ကိစ္စကို အကောင်အ ထည်ဖော်ဆောင်ရွက်နိုင်အောင် အကူအ ညီပေးနိုင်လိမ့်မည်ဟု ပြောသည်။ သို့ သော် မစ္စတာဝီလျံက ရွေးကောက်ပွဲနှင့် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ကိစ္စအ ပေါ်အဆိုးမြင်သည့် သဘောထားရှိ သည်။ သူက ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေကို “မြင်ဖူးသမျှထဲတွင် အဆိုး ရွားဆုံးသောကိစ္စတစ်ခု” ဟု သတ် မှတ်ခေါ်ဆိုသည်။ “တကယ်လို့ ၂၀၁၀ ရွေး ကောက်ပွဲဟာ လွတ်လပ်ပြီးမျှတမှုရှိမယ် ဆိုရင်တောင်မှ . . အရပ်ဘက်အုပ် ချုပ်ရေးမျိုးဖြစ်လာမှာမဟုတ်ဘူး။ဘာ ဖြစ်လို့လဲဆိုတော့ အဲဒီဟာကြီးက အရပ် ဘက်အစိုးရရဲ့အခန်းကဏ္ဍကို မှေးမှိန် အောင်လုပ်ထားလို့ပါပဲ” ဟု သူကပြော သည်။ ပါလီမန်လွှတ်တော်တွင် စစ်တပ် ၏အခန်းကဏ္ဍမှာ ၂၅ ရာခိုင်နှုန်းထိ ပါ ၀င်ထားသည့် ကိစ္စအား နိုင်ငံရေးသမား များနှင့်လေ့လာသုံးသပ်အကဲဖြတ်သူများ က အလေးပေးပြောဆိုလျက်ရှိကြသည်။ သို့သော မစ္စတာဝီလျံက ပြဿနာတွေ အားလုံးသည် ရွေးကောက်ပွဲအလွန်ကာ လများတွင် ကောင်းမွန်သွားဖွယ်ရှိ ကြောင်း၊ အကြောင်းမှာစစ်တပ်က ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတွင် ပါ ၀င်သော အချက်များအတိုင်း ပြုမူနေ ထိုင်သွားရမည်ဖြစ်သောကြောင့် ဖြစ် ကြောင်း မစ္စတာဝီလျံကရှင်းပြသည်။

“အဲဒီကွန်စတီကျူးရှင်းဟာ စောင့် ကြည့်ရမယ့်မဟာဗျူဟာတစ်ရပ်ပေါ်မှာ အခြေခံပြီးရေးဆွဲထားတာ။ သဘောက တော့ တကယ်လို့ အရပ်ဘက်အစိုးရတစ် ရပ်ဟာ စစ်တပ်ရဲ့အလိုဆန္ဒအတိုင်း နေထိုင်မယ်ဆိုရင် နိုင်ငံရေးလုပ်ပိုင်ခွင့် ရမယ်ဆိုတာပါ။ မလုပ်ဘူးဆိုရင်တော့ အရပ်ဘက်အုပ်ချုပ်ခွင်ရမှာမဟုတ် ဘူး” ဟု သူကပြောသည်။

“ကွန်စတီကျူးရှင်ကိုကြည့်ရတာ ဒီမို ကရေစီဖော်ဆောင်ဖို့ ကောင်းမွန်တဲ့ အ ရိပ်လက္ခဏာတွေမရှိဘူး။ နိုင်ငံတကာ ဖိအားပေးမှုတွေကနေလွတ်မြောက်ဖို့ ရေးဆွဲပေးထားရုံသက်သက်ပဲ” ။

“ဒီ နိုင်ငံရေးကစားပွဲကြီးကို အကွက် ကောင်းကောင်းရွှေ့နိုင်မှ ကျွန်တော်တို့ အနိုင်ရမှာ။ ကျွန်တော်တို့အနေနဲ့ သံတ မန်ဆက်ဆံရေးနည်းလမ်းမျိုးစုံနဲ့ ဆက် ဆံမှသာ လူထုအပေါ်စစ်အစိုးရညဉ်း ပန်းနှိပ်စက်နေတာတွေရပ်တန့်နိုင်ပြီး အရပ်ဘက်အစိုးရတစ်ရပ်ကို တင် မြှောက်နိုင်မှာပါ၊ အဲဒါကြောင့် အစော တလျင်လိုက်ရောတာတို့၊ အလျှော့ပေး တာတို့လုပ်ရင် ဒီကစားပွဲမှာနိုင်မှာ မဟုတ်ဘူး။ ကစားပွဲပျက်ရုံသက်သက် ပဲရှိမယ်” ဟု ၀ီလျံကဆိုသည်။

အောက်တိုဘာလ ၁ ရက်နေ့တွင် နာမည်ကျော်အိုင်ယာလန်တေးဂီတအဖွဲ့ ဖြစ်သော ယူတူး အဖွဲ့ခေါင်းဆောင် ဘို နိုကCharlottesvileva တွင်သီဆို ဖျော်ဖြေမှုတစ်ရပ်ပြုလုပ်ခဲ့သည်။SYCBအဖွဲ့ကအဆိုပါ ရှိုးပွဲတွင် ဆီနိတ်တာဂျင်ဝက်၏မြန်မာနိုင် ငံအပေါ်စီးပွားရေးပိတ်ဆို့မှုဖယ်ရှား ရေး ကြိုးပမ်းချက်များကို ဆန့်ကျင်သည့် လက်မှတ်ထိုးပွဲပြုလုပ်သည်။ အဆိုတော် ဘိုနိုသည် ဒီမိုကရေစီခေါင်းဆောင် ဒေါ် အောင်ဆန်းစုကြည်အား ကာလကြာရှည် စွာထောက်ပံ့ခဲ့သူဖြစ်သည်။ သူ၏ တေး အယ်လ်ဘမ်တစ်ခုဖြစ်သောWalOn မှာ ဒေါ်အောင်ဆန်းစုကြည်ကိုရည်ရွယ် ကာသီဆိုထားခြင်းဖြစ်သည်။ စစ်အစိုး ရက မြန်မာပြည်တွင်း ထိုတေးအယ်လ် ဘမ် ဖြန့်ချိရောင်းချခွင့်ကိုပိတ်ပင်ထား သည်။

0 comments:

Post a Comment