Transparency Myanmar

transparency.myanmar@gmail.com

“ ရုပ်မြင်သံကြားမှ ငြိမ်းချမ်းရေးကို ကြွေးကြော်နေချိန်တွင် တင့်ကားများနှင့် စစ်သားများ ချီတက်ခဲ့ သော ဆန့်ကျင်ဘက်ပုံရိပ်များထင်ဟပ်နေသည့် အခမ်းအနား”

ကြာသပတေးနေ့က ကျင်းပသော တရုတ်ကွန်မြူနစ်ပါတီ နှစ်၆၀ပြည့် အခမ်းအနားအပြီး၌ သမ္မတ ဟူကျင်းတောင်နှင့် သမ္မတဟောင်း ကျန်ဇီမင်းတို့သည် အခမ်းအနားစင်မြင့်ပေါ်မှ ဆင်းလာပြီး ကချေသည် များနှင့်အတူ လက်တွဲ၍ ကခုန်ဆင်နွှဲခဲ့ကြသည်။

ကြာသပတေးနေ့ အစောပိုင်းက ပြုလုပ်ခဲ့သော စစ်ရေးပြအခမ်းအနားအပါအ၀င် အစီအစဉ်များသည် လူထုနှင့်အလှမ်းကွာ၍ အာဏာရှင်ဆန်သော ပုံရိပ်များကို မှေးမှိန်ရန် ရည်ရွယ်ဖော်ဆောင်သည့် လှုပ်ရှားမှု များပင်ဖြစ်သည်။

ပွဲတော်ကျင်းပသည့်တနေ့လုံး ၀ိရောဓိဖြစ်စရာ ဆန့်ကျင်ဘက် ပုံရိပ်များထင်ဟပ်နေခဲ့ပြီး ရှေ့နောက် မညီညာသော ကြွေးကြော်သံများဖြင့် ရောနှောရှုပ်ထွေးနေခဲ့သည်။ အစိုးရမီဒီယာများမှ စီစဉ်တင်ဆက်သူများ က မိမိတို့နိုင်ငံသည် ငြိမ်းချမ်းရေးကို မြတ်နိုးကြောင်း အမွှမ်းတင်နေချိန်တွင် ပြည်သူ့လွတ်မြောက်ရေး တပ်မတော်က ဒုံးပျံများ၊ ဂျက်တိုက်လေယာဉ်များ၊ တင့်ကားများနှင့်အတူ စစ်ရေးပြချီတက်ခဲ့ခြင်းဖြစ်သည်။

ဘီဂျင်းကျောင်းသူကျောင်းသား ၈သောင်းခန့်သည် ဒစ်ဂျစ်တယ်ဓာတ်ပုံမှ အစက်အပြောက်ကလေးများ အလား ရောင်စုံကားချပ်များကိုမြှောက်၍ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး တံခါးဖွင့်ထားပြီး တိုးတက်သော သမိုင်းခေတ်သစ်အစရှိသော ကြွေးကြော်သံများကို တရုတ်စာလုံးပုံစံအလှ ဖော်ပြခဲ့ကြသည်။ ဘီဂျင်း၏ မြောက်ကိုရီးယားနှင့် ပတ်သက်ဆက်နွယ်မှုများကြောင့် ယခုနှစ်များအတွင်း ၎င်း၏လူသားချင်း ဖိနှိပ်ဆက်ဆံ သော နည်းလမ်းများအား ဝေဖန်ပြစ်တင်စရာ ဖြစ်လာခဲ့သည်။

တရုတ်နိုင်ငံ၏ လူမျိုးစုများကြားတွင် စည်းလုံးညီညွတ်မှုရှိကြောင်း တရားဝင်ဝါဒ ဖြန့်ချီမှုများ ရှိနေသော် လည်း ယခုပွဲတွင် လူမျိုးစုအနည်းငယ်သာ တွေ့ရှိရသည်။ ကချေသည်များက ရောင်စုံခေါင်းစည်းများ။ မိတ်ကပ် များဖြင့် ပြင်ဆင်ကာ တရုတ်လူမျိုးစု တိုင်းရင်းသားများအဖြစ် ဟန်ဆောင်ရုပ်ပြထားခြင်းဖြစ်သည်။

ဘီဂျင်းမြို့ပတ်လည်ကို လုံခြုံရေးတင်းကြပ်စွာချထားပြီး အူဟာနှင့် တိဘက်လူမျိုးစုများ၏ ဆန္ဒပြမှု၊ အကြမ်းဖက်မှုများကို စိုးရိမ်သောကြောင့်ဖြစ်သည်။

ဇင်ဂျီယန်း ပြည်သူများသည် ပျော်ရွှင်စွာသီဆိုကခုန်ရင်း နားလည်အသိအမှတ်ပြုခြင်းကို ပြသခဲ့ ကြောင်း တရုတ်ရေဒီယိုက သရော်လိုဟန်မပါသော ဟန်ဖြင့် တင်ပြသွားခဲ့သည်။ ဂျူလိုင် (၅)ရက်နေ့က ၎င်းတရုတ်ပြည် အနောက်ပိုင်းဒေသတွင် ဆယ်စုနှစ်များအတွင်း အဆိုးဆုံးလူမျိုးရေးအဓိကရုဏ်းများ ဖြစ်ပွားခဲ့ပြီး လူ၂၀၀၀ကျော် သေဆုံးကာ အရေအတွက်ထောင်နှင့်ချီ၍ ဒဏ်ရာရခဲ့ကြသည်။

တရုတ်ပြည် ကွန်မြူနစ်ပါတီ နှစ်၆၀ပြည့်အခမ်းအနား၏ စစ်ရေးပြအစီအစဉ်ကို ယခင်ကထက် ပိုမို ကြီးကျယ်အောင်စီစဉ်ခဲ့သော်လည်း အနှေးလျှောက်စစ်သားများနှင့် မော်တော်ကားများ စီတန်းလှည့်လည်ခဲ့ခြင်း သည် ရှေးကပင် ဖန်တရာတေနေခဲ့သော မထူးဆန်းသော မြင်ကွင်းများပင်ဖြစ်သည်။

၁၉၈၄ ကစတင်ခဲ့သော တိန့်ရှောက်ဖိန်၏ “ တရုတ်ဆိုရှယ်လစ်လမ်းစဉ်” ဟူသော အယူအဆသည် မကြာခဏကြားနေရသော အစိုးရ၏ အဖွင့်ဋီကာပင်ဖြစ်သည်။

မြို့တော်၏ တားမြစ်နယ်မြေရှိ စင်မြင့်အထက်ပိုင်းတွင် ပါတီခေါင်းဆောင်များနေရာယူထားကြပြီး ယင်နေရာသည် တရုတ်ဘုရင်များ အမိန့်ပြန်တမ်းထုတ်ပြန်ရာ သမိုင်းဝင်နေရာဖြစ်သည်။ ညက်ညော ငြိမ့်ညောင်းသော ၂၁ပေရှည် အမိုးဖွင့်လိုင်မိုဇင်းကားကြီး၏ နောက်ဆုံးတွင် မတ်တပ်ရပ်၍ စစ်ရေးပြတပ်ဖွဲ့များ ကို စစ်ဆေးနေသော “ဟူ” သည် ကျောက်ဆစ်ရုပ်ထုတစ်ခု၏ အပေါ်ပိုင်းကို ကားပေါ်မှ ထိုးထွက်နေသည့် အလားသဏ္ဍာန်တူ ထင်မှတ်မှားခဲ့ရပြီး ၎င်း၏နှုတ်မှလည်း လိုင်မိုစင်းအမိုးပေါ်တွင် တပ်ဆင်ထားသော မိုက်ခရိုဖုန်းများမှတဆင့် “မင်္ဂလာပါ ရဲဘော်တို့” ဟု အဆက်မပြတ်ရွတ်ဆို နှုတ်ခွန်းဆက်ခဲ့လေသည်။

ညနေခင်းအခမ်းအနားမှာမူ ပို၍ ပျော်ရွှင်ဖွယ်ကောင်းပြီး ယခင်နှစ်အိုလံပစ်မှ အချို့အစီအစဉ်များကို ပြန်လည်တင်ဆက်ထားသည်။ အိုလံပစ်ဖွင့်ပွဲ၊ ပိတ်ပွဲအခမ်းအနားများကို စီစဉ်ခဲ့သော ရုပ်ရှင်ဒါရိုက်တာ ကျန်းရိမိုက ဖယောင်းတိုင် ၆၀နှင့် သဏ္ဍာန်တူသော အံ့ချီးဖွယ်မီးရှုးမီးပန်းအစီအစဉ်ကို တင်ဆက်ခဲ့သည်။ ကျယ်ပြန့်လှသော တီယမ်မင်ရင်ပြင်သည် ရောင်စုံမီးပုံးများကို ကိုင်ဆောင်ထားသော အကအဖွဲ့များဖြင့် ပြည့်လျှံနေခဲ့သည်။ လူထုအား ရုပ်မြင်သံကြားမှသာ ကြည့်ရှုရန်အမိန့်ထုတ်ပြန်ထားသဖြင့် ၎င်းအခမ်းအနားသို့ တက်ရောက်သောလူဦးမှာ တစ်သောင်းပင်မပြည့်ခဲ့ပေ။ အာဏာပိုင်များသည် ဟိုတယ်များစွာကို ပိတ်ခိုင်းခဲ့ပြီး အနီးတ၀ိုက်မှ နေထိုင်သူများကိုလည်း ဖယ်ရှားထားခဲ့သည်။

ပညာရှင်များက တစ်ညကြိုတင်၍ မိုးမရွာစေရန် နည်းပညာများအသုံးပြု၍ တိမ်တိုက်များကို ဖယ်ရှား သန့်စင်ထားခဲ့ပြီး ကောင်းကင်ပြင်လည်း သဘာဝအားဖြင့် မြင်တွေ့ခဲ့ရသည့် အပြာရောင်စဉ်များ ဆေးခြယ် ထားသကဲ့သို့ လှပနေခဲ့သည့် လေထု၏မကြုံစဖူး သန့်ရှင်းနေမှုကြောင့် ပွဲကြည့်စင်ပေါ်မှ ပရိသတ်များက နေပူဒဏ်ပိုမိုခံခဲ့ရကြောင်း စောဒကတက်မှုများ ရှိခဲ့သည်။

0 comments:

Post a Comment