Transparency Myanmar

transparency.myanmar@gmail.com

Basic Freedoms Retricted in Cambodia သတင်းကိုဘာသာပြန်ဆို ခြင်းဖြစ်သည်။

ကုလသမဂ္ဂမှ လူ့အခွင့်အရေးဆိုင်ရာ ကျွမ်းကျင်သူတစ်ဦး၏ အစီအရင်ခံစာ တစ်ရပ်အရကမ္ဘောဒီးယားနိုင်ငံတွင် တရား စီရင်ရေးအခန်းကဏ္ဍသာမက လွတ်လပ် စွာပြောဆိုရေးသား ခွင့်များ လည်းကန့်သတ်ပိတ်ပင်ခံ နေရကြောင်း သိရသည်။ အဆိုပါအစီရင်ခံစာကို ဆူ ရာဆာဘီဒီဆိုသူက ကုလသမဂ္ဂလုံခြုံရေး ကောင်စီသို့တင်ပြခဲ့ခြင်းဖြစ်ပြီး အရှေ့ တောင်အာရှဒေသတွင် လူ့အခွင့်အရေး များအပြည့်အ၀ရရှိစေရေးကို အကောင် အထည်ဖော်ရန်တိုက်တွန်းလိုက်သည်။

“ကမ္ဘောဒီးယားနိုင်ငံတွင် ဥပဒေစည်း မျဉ်းစည်းကမ်းများလွန်စွာအားနည်းနေ သည်။ တရားရုံးတော်သည်လည်း လွတ် လပ်မှုရှိသင့်သလောက် မရှိသည်ကိုတွေ့ ရသည်။ လွတ်လပ်စွာထုတ်ဖော်ပြောဆို ခွင့်၊ စည်းရုံးဟောပြခွင့် အစရှိသည့် အဓိကကျသော နိုင်ငံရေးအခွင့်အရေး တချို့မှာလည်း ကန့်သတ်ပိတ်ပင်မှုများ ကြောင့် လှိုက်စားခံနေရသည်” ဟု အစီ အရင်ခံစာတွင်ရေးသားဖော်ပြထားသည်။ ကမ္ဘောဒီးယားသည် လွတ်လပ်စွာဟော ပြောခွင့်နှင့်တရားစီရင်ခွင့်တို့ပျောက်ဆုံး နေသည်ဟု မစ္စတာ ဆူ ရာဆာဘီဒီက မှတ်ချက်ပေးပြောကြားသည်။ ကမ္ဘော ဒီးယားသည် ၁၉၆၆ ခုနှစ်နိုင်ငံတကာ ပဋိညာဉ်တွင်ပါဝင်ချုပ်ဆိုထားသည်။ ထို ပဋိညာဉ်မှာ အရပ်သားများလွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် နိုင်ငံရေးအခွင့် အရေးများရယူခွင့်ပြုသော စာချုပ်ဖြစ် သည်။

နိုင်ငံတကာလူ့အခွင့်အရေးစာချုပ် များဟူသည်လွတ်လပ်စွာထုတ်ဖော်ပြော ဆိုခွင့်များပိတ်ပင်မှုများဖြစ်ပေါ်လာသော အခါ ထိရောက်စွာအရေးယူဆောင်ရွက် နိုင်ရန်ချုပ်ဆိုခြင်းဖြစ်ကြောင်း သူက ဆိုသည်။ ကမ္ဘောဒီးယားတွင် ဤသို့လွတ် လပ်ခွင့်နှင့် အခြားအခွင့်အရေးများ ပျောက်ဆုံးနေသော်လည်း ဖနွမ်ပင်အစိုး ရက ကုလသမဂ္ဂနှင့်အတူအပြုသဘော ဆောင်သော စေ့စပ်ညှိနှိုင်းမှုများပြုလုပ် မည်ဆိုသော အချက်များကြောင့်မိမိ အနေဖြင့် စိတ်အားတက်ကြမှုရရှိခဲ့ ကြောင်း မစ္စတာဆူ ရာဆာဘီဒီက ပြောကြားသည်။ လုံခြုံရေးကောင်စီအ နေဖြင့်လည်း ကမ္ဘောဒီးယားအစိုးရကို ခိုင်မာတိကျသော အရေုးယူဆောင်ရွက် မှုများပြုလုပ်လိုစိတ်ဖြစ်ပေါ်လာအောင် အားပေးအားမြှောက်ပြုလုပ်သင့်သည် ဟု ပြောသည်။

0 comments:

Post a Comment