Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2010.googlegroups.com

ဂျီနီဗာ - တရုတ်အပါအဝင် မြန်မာနိုင်ငံစစ်အစိုးရ၏ မဟာမိတ်နိုင်ငံများ အတူတကွပူးပေါင်း၍ နေအိမ် အကျယ်ချုပ်ချခံထားရသော ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးရန်တောင်းဆိုခဲ့ကြသည်။
အိန္ဒိယနှင့် ရုရှားတို့ကလည်း ဥရောပနိုင်ငံများ၊ အမေရိကန်ပြည်ထောင်စုတို့နှင့်အတူ နိုင်ငံရေး အကျဉ်းသားများအားလုံးလွှတ်ပေးပြီး လာမည့်နှစ် ရွေးကောက်ပွဲတွင်ပါဝင်စေရေး တောင်းဆိုရန် သဘောတူညီခဲ့ကြပါသည်။
ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီအဖွဲ့ဝင် ၄၇ ဦးကလည်း ပြီးခဲ့သည့် သောကြာနေ့က စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်၏ အယူခံဝင်မှုကို ပယ်ချခဲ့မှုအပေါ် ဂျီနီဗာတွင် တညီတညွတ် တည်း ဆုံးဖြတ် ချက်တစ်ခု ချမှတ်ခဲ့ကြသည်ဟု ဆိုပါသည်။
Beijing သည် သူ၏ တောင်ဘက် အိမ်နီးချင်းနိုင်ငံအပေါ် နိုင်ငံတကာ၏ ဝေဖန်မှုများအပေါ် အမြဲတစေ ကာကွယ်ပေးလေ့ရှိသူတစ်ဦးဖြစ်ပါသည်။
သြဂုတ်လ ၁၁ ရက်နေ့ ဒေါ်အောင်ဆန်းစုကြည်အား ပြစ်ဒဏ်ချမှတ်အပြီးတွင် တရုတ် နိုင်ငံခြားရေးဌာန ပြောဆိုခွင့်ရပုဂ္ဂိုလ် Jiang Yu Jiang က နိုင်ငံတကာ လူ့အဖွဲ့အစည်း အနေဖြင့် မြန်မာနိုင်ငံ၏ တရားစီရင်ရေး ဆိုင်ရာ အချုပ်အခြာအာဏာပိုင်ခွင့်ကို လေးစားသင့်ကြောင်း ပြောကြားခဲ့ပါသည်။

0 comments:

Post a Comment