Transparency Myanmar

transparency.myanmar@gmail.com

မြန်မာနိုင်ငံတောင်ပိုင်း ထားဝယ်မြို့၏ ရေနက်ဆိပ်ကမ်းအတွက် ဘန်ကောက်အခြေစိုက် ထိုင်းကုမ္ပဏီ တစ်ခုမှ ဒေါ်လာ၃တီလျံလာရောက်ရင်းနှီးမြုပ်နှံမည်ဖြစ်ကြောင်း ရန်ကုန်ထိပ်တန်းစီးပွားရေးအသိုင်းအ၀ိုင်းမှ သတင်းရရှိသည်။

ထိုင်းနိုင်ငံ ဘန်ကောက်အခြေစိုက် Italial-Thai Development ကုမ္ပဏီအနေဖြင့် ထားဝယ်ရေနက် ဆိပ်ကမ်းအတွက် ရင်းနှီးမြုပ်နှံမှုပြုလုပ်မည်ဖြစ်ကြောင်း ကနဦးရှေ့ပြေးတိုင်းတာရေးလုပ်ငန်းများအပါအ၀င် တန်စိုးလက်ဆောင်များအတွက် ဒေါ်လာသန်း၃၀ခန့် လတ်တလောကုန်ကျထားကြောင်း ထပ်ဆင့်သတင်း ရရှိသည်။

ထားဝယ်ရေနက်ဆိပ်ကမ်းသည် မာလကာရေနက်ဆိပ်ကမ်း၏ထွက်ပေါက်ဖြစ်ခြင်း တရုတ်နိုင်ငံ ကုန်းပိတ်ပြည်နယ် ယူနန်ပြည်နယ်၏ ပင်လယ်ထွက်ပေါက်ဖြစ်လာနိုင်ခြင်း၊ တောင်အာရှနှင့် အရှေ့တောင် အာရှ၏ အချက်အချာနေရာတွင်တည်ရှိခြင်းကြောင့် စင်ကာပူနိုင်ငံမှလည်း ၆၀% ကျော်ဝင်ရောက် မြုပ်နှံရန် ညှိနှိုင်းကမ်းလှမ်းလျက်ရှိကြောင်း စုံစမ်းသိရှိရသည်။

အိန္ဒိယနိုင်ငံကလည်း ၎င်း၏အရှေ့မြောက်ဒေသပြည်နယ်များအတွက် ကုလားတန်မြစ်ကြောင်း ကုန်သွယ်ရေးနှင့် စစ်တွေဆိပ်ကမ်းရင်းနှီးမြှုပ်နှံမှုအတွက် လုပ်ဆောင်ပြီးနောက် ယခုထားဝယ်ဆိပ်ကမ်း အတွက် ရင်းနှီးမြုပ်နှံမှုစီမံကိန်းသတင်းပေါ်ထွက်လာခြင်းဖြစ်သည်။ယနေ့အထိဒေါ်လာသန်း ၃၀ အကုန်အကျခံထားပြီး ဖြစ်သည်ဆိုသည်။

အာရှဆိပ်ကမ်းများအနက် ကုန်တင်၊ကုန်ချဈေးကြီးဆုံးဖြတ်ပြီး လုပ်ငန်းဆောင်ရွက်မှုအဆင့် အကြံကြာ ဆုံးဖြတ်သည့်လက်ရှိ ရန်ကုန်ဆိပ်ကမ်းအားအဆင့်မြှင့်တင်ခြင်း မပြုလုပ်ဘဲ ထားဝယ်ရေနက်ဆိပ်ကမ်း တည်ဆောက်ခြင်းဖြစ်သည်။ အမေးပုစ္ဆာများနှင့် စောင့်ကြည့်ရမည့်စီမံကိန်းတစ်ခုဖြစ်ကြောင်း မြန်မာ့အရေး လေ့လာသူတစ်ဦးကဆိုသည်။
Italial-Thai ကုမ္ပဏီသည် မန္တလေးတံတားဦး နိုင်ငံတကာလေဆိပ်ကို ဦးဆောင် ဆောက်လုပ်ခဲ့သည့် ကုမ္ပဏီတစ်ခုဖြစ်ပြီး ယခုထားဝယ်၊ ရေနက်ဆိပ်ကမ်းတည်ဆောက်ရေးအတွက် ရင်းနှီးမြှုပ်နှံလာခြင်းဖြစ်သည်။

0 comments:

Post a Comment