Transparency Myanmar

transparency.myanmar@gmail.com

BBC News, 26th February 2010

          မြန်မာနိုင်ငံ၏ ဗဟိုတရားရုံးသည် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သူမ၏ နေအိမ် အကျယ်ချုပ်အတွက် အယူခံဝင်မှုကို ပယ်ချလိုက်သည်။

          ဒေါ်အောင်ဆန်းစုကြည်သည် လွန်ခဲ့သည့် နှစ်နှစ်ဆယ်အတွင်း အချိန်အများစုတွင် အထိန်းသိမ်းခံနေရသည်။ သို့သော် သူမ၏ ပါတီသည် ၁၉၉၀ ခုနှစ်က ရွေးကောက်ပွဲတွင် အနိုင် ရရှိခဲ့သော်လည်း စစ်အစိုးရက လျစ်လျူရှုခဲ့ပြီး ၂၀၁၀ တွင် ရွေးကောက်ပွဲ လုပ်ပေးရန် စီစဉ်နေသည်။

          သူမအား ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရေးတွင် မပါဝင်နိုင်အောင် ပြုလုပ်ထားသည်။

          သူမ၏ နေအိမ် အကျယ်ချုပ်ကို တိုးမြှင့်ထားခြင်းမှာ ရွေးကောက်ပွဲတွင် အခြားသူများအတွက် မဲဆွယ်မပေးနိုင်အောင် လုပ်ထားခြင်း ဖြစ်နိုင်ကြောင်း သုံးသပ်ကြသည်။

          သူမအား ၂၀၀၉ ခုနှစ် မေလတွင် လွှတ်ပေးရမည် ဖြစ်သော်လည်း ထူးဆန်းသော အဖြစ်အပျက် ဖြစ်သည့် အမေရိကန်ရေကူးသမား သူမနေအိမ်သို့ ဝင်ရောက်မှုဖြင့် နေအိမ်အကျယ်ချုပ် သက်တမ်း အား တိုးမြှင့်ခဲ့သည်။

          အောက်ရုံးကလည်း သူမ၏ အယူခံအား အောက်တိုဘာလက ပယ်ချခဲ့ပြီး ဖြစ်ရာ ယခုအယူခံ ပယ်ချမှုမှာလည်း မျှော်လင့်ထားပြီး ဖြစ်သည်။

          ဗဟိုတရားရုံးသည် သူမနှင့်အတူ ပြစ်ဒဏ်ချမှတ်ခြင်း ခံရသော အမျိုးသမီးနှစ်ဦးအားလည်း အယူခံ ပယ်ချခဲ့သည်။

          ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ၁၉၉၀ ခုနှစ်က ရွေးကောက်ပွဲ တွင် ပြတ်ပြတ်သားသား အနိုင်ရခဲ့သော်လည်း စစ်အစိုးရမှ လက်မခံခဲ့ပေ။ ထို့နောက် သူမသည် မကြာမီ နိုဘယ်ငြိမ်းချမ်းရေးဆုကို ရရှိခဲ့သည်။

          သုံးသပ်သူများက အစိုးရသည် ယခုထိ မြန်မာပြည်သူများအပေါ် သူမ၏ သြဇာ လွှမ်းမိုးမှုကို ကြောက်နေဆဲ ဖြစ်သည်ဟု ဆိုသည်။

          အမေရိကန်ပြည်ထောင်စု၊ ဥရောပသမဂ္ဂနှင့် အခြားနိုင်ငံများသည် မြန်မာအစိုးရ၏ ဒေါ်အောင်ဆန်းစုကြည်အပေါ် ပြုမူပုံများ၊ နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော်ခန့် ဖမ်းဆီးထားမှုများကြောင့် အရေးယူပိတ်ဆို့မှုများ ချမှတ်ထားသည်။

          ဝေဖန်သူအများစုကမူ အစိုးရ၏ ရွေးကောက်ပွဲသည် တရားနည်းလမ်း ကျလိမ့်မည်မဟုတ်ပဲ၊ အတိုက်အခံများ၏ ကိုယ်စားလှယ်များ ပါဝင်လှုပ်ရှားခွင့် မရအောင် လုပ်ထားလိမ့်မည်ဟု ဆိုကြပါသည်။ တစ်ချိန်တည်းတွင် အမေရိကန်ပြည်ထောင်စုကလည်း အရေးယူပိတ်ဆို့မှုများသည် မြန်မာစစ်အစိုးရကို တစ်စုံတရာ ချဉ်းကပ်နိုင်ခြင်း မရှိသဖြင့်၊ နည်းလမ်းသစ်ရှာရန် လိုအပ်ကြောင်း ပြောလာသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment