Transparency Myanmar

transparency.myanmar@gmail.com

မြန်မာနိုင်ငံ၊ ဧရာဝတီတိုင်းတွင် နာဂစ် ဆိုင်ကလုန်း မုန်တိုင်းဒဏ် ခံခဲ့ရသော မိသားစု ဝင်ပေါင်း ငါးသောင်း အတွက် နေထိုင်စရာပေးရန် International Organisation for Mirgation(IOM) အဖွဲ့က အမေရိကန်ဒေါ်လာ ၁၇ သန်း မေတ္တာရပ်ခံ တောင်းဆို ထားပါသည်။

"ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသက မုန်တိုင်းဒဏ်သင့်တဲ့ မိသားစု တစ်သိန်း လောက်ဟာ လာမယ့် မိုးရာသီအတွက် နေထိုင်စရာ အလုံအလောက် မရှိပါဘူး။ လာမယ့် မေလ မှာ နောက်ထပ် ရန်ပုံငွေ အသစ် ထပ်မရဘူးဆိုရင် ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသက ကျွန်တော်တို့ရဲ့ နေထိုင်စရာ ချထားပေးတဲ့ အစီအစဉ်ကို ရပ်ဆိုင်းရပါတော့မယ်။ ရုံးခန်းတွေလည်း ပိတ်ပစ်ရပါတော့မယ်" ဟု မြန်မာနိုင်ငံဆိုင်ရာ IOM အကြီးအကဲ Mariko Tomiyama ကပြောကြားပါသည်။

၂၀၀၈ ခုနှစ်၊ မေလတွင် တိုက်ခတ်ခဲ့သော နာဂစ် ဆိုင်ကလုန်းကြောင့် လူပေါင်း တစ်သိန် လေးသောင်းခန့်သေဆုံးခဲ့ပြီး ၂ ဒဿမ ၄ သန်းခန့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်။

ကုလသမဂ္ဂ၊ အာဆီယံနှင့် မြန်မာနိုင်ငံ အစိုးရတို့ ပူးပေါင်းလုပ်ကိုင်နေသော နာဂစ် အလွန် အရေးပေါ် တုံ့ပြန်ရေးနှင့် ပြန်လည် တည်ဆောက်ရေးဆိုင်ရာ အဖွဲ့ဖြစ်သည့် Tripartite Core Group ၏အဆိုအရ ယနေ့အချိန်အထိ နာဂစ်ဒဏ်သင့်သူ လူပေါင်း ၅ သိန်း ခန့် အိုးအိမ်မဲ့ ဖြစ်နေသေးကြောင်း သိရပါသည်။

IOMသည် နာဂစ်မုန်တိုင်းပြီးနောက်ပိုင်း လပေါင်း ၂၀ ခန့်မျှ ဧရာဝတီဒေသတွင် အရေးပေါ် ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး လုပ်ငန်းစဉ်များကို ဆောင်ရွက်ခဲ့ပြီး လူပေါင်း လေးသိန်းခန့်အတွက် နေထိုင်စရာများ အပါအဝင် ကျန်းမာရေး စောင့်ရှောက်မှု၊ စိတ်ပိုင်းဆိုင်ရာ ကုသမှုတို့ ရရှိစေရန် စီစဉ်ပေးနိုင်ခဲ့သည်။

Relief Web မှ Press Release ကိုဘာသာပြန်ဆိုပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment