Transparency Myanmar

transparency.myanmar@gmail.com

burmanet.org, 17th February 2010

ထိုင်းနိုင်ငံ ချင်းမိုင်၏ Chiangdao နယ်နှင့် မြန်မာနိုင်ငံကြားရှိ နယ်စပ် ဝင်ပေါက် နှစ်ခုကို ဖေဖော်ဝါရီလ ၅ ရက်နေ့မှ စ၍ ပိတ်ထားလိုက်သည်။ ပိတ်ရသည့် အကြောင်းမှာ ဝ စစ်သား တစ်ဦး အမဲလိုက်ရင်း နယ်စပ် ဖြတ်ကျော် ဝင်ရောက်လာမှုကို ထိုင်းနယ်စပ် လုံခြုံရေးတပ်၏ ပစ်သတ်ခဲ့ခြင်း ကြောင့် ဖြစ်သည်ဟု ထိုင်းနိုင်ငံနှင့် ရှမ်းမှ လာသော သတင်းများ အရ သိရသည်။

Nawngwen Muengna  ဝင်ပေါက်နှင့်  BP 1 - Nong Oak (  Arunothai ) ဝင်ပေါက် နှစ်ခုကို ဝ တပ်၏ (775) တပ်ရင်းမှ တပ်မှူး Yang Guojong က အမိန့် ထုတ်ထားခြင်း ဖြစ်သည်။ ထိုင်းနိုင်ငံတွင် နေထိုင်သော ရှမ်းလူမျိုး တစ်ဦးက ပြောကြားရာတွင် ၎င်းက မိမိအားခေါ်ယူပြီး ၎င်း၏စစ်သားအား သတ်ရာတွင် တာဝန်ရှိသော ထိုင်း အရာရှိ အမှတ်ဖြင့် ခေါ်ယူ ပြောဆိုခဲ့သည်ဟု ဆိုသည်။

အဆိုပါ အမည်မသိ ဝ စစ်သားသည် တပ်မဟာ 775 ၏ 303 တပ်ရင်းမှ ဖြစ်ပြီး မိုင်းတုံမြို့နယ် Nawng Wen တွင် တပ်စွဲထားသော တပ် ဖြစ်သည်။ ထိုင်း စစ်တပ်သည် AK 47 တစ်လက်ကို သိမ်းဆည်းရမိပြီး၊ ၎င်း၏ အဖော် နှစ်ယောက် အနက်မှ တစ်ဦးကို ဖမ်းဆီးရမိထားသည်။ အခြား တစ်ဦးမှာမူ နယ်စပ် ဖြတ်၍ ထွက်ပြေး လွတ်မြောက်သွားသည်။ ၎င်းတို့ထံမှ မည်သည့် မူးယစ်ဆေးဝါးမျှ ဖမ်းဆီး ရမိခြင်း မရှိပေ။ ထိုင်းနိုင်ငံမှ သတင်း တစ်ရပ် အရ လက်နက်ရော လူပါ ထိုင်း စစ်တပ်မှ ဖမ်းဆီးထားဆဲ ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ နယ်စပ် ဝင်ပေါက် နှစ်ခုမှာ တောင်များကို ဖြတ်ရသော နယ်စပ် လမ်းကြောင်းများ အနက် လူသုံး အများဆုံး ဖြစ်ပြီး ကားလမ်းနှင့် ဆက်နေသောကြောင့် ဖြစ်သည်။ တစ်ခေါက်လျှင် သယ်ယူ ပို့ဆောင်ရေး အတွက် ဘတ်  ၅၀၀ (၁၅ ဒေါ်လာ) နှင့် မြန်မာစစ်တပ်၊ ဝ စစ်တပ်နှင့် အခြား တပ်များသို့ ဘတ် ၈၀၀  ( ၂၄ ဒေါ်လာ ) ပေးရကြောင်း နယ်စပ်တွင် နေထိုင်သူ တစ်ဦးက ပြောသည်။ ထိုသို့ ပေးရခြင်းမှာ အနည်းငယ် ဈေးကြီးကြောင်း၊  Nakawngmu  မှ နယ်စပ်သို့ ၂၉  မိုင် ( ၄၆ ကီလိုမီတာ ) ဝေးသော်လည်း တောင်ပေါ်လမ်းများ ထက်စာလျှင် ပို၍ သက်သာပြီး မြန်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ထိုင်းစစ်တပ်နှင့် UWSA ကြား တင်းမာမှုများ ရှိနေသော်လည်း၊ တိုက်ခိုက်မှုများ ဖြစ်လာ လိမ့်မည် မထင်ကြောင်း ထိုင်း လုံခြုံရေး အရာရှိက ပြောကြားခဲ့သည်။ ဝ တို့သိသင့်သည်မှာ ၎င်းတို့ အနေဖြင့် တစ်ချိန်တည်းတွင် ရန်သူ နှစ်ဦး မရှိသင့်ကြောင်း၊ အကယ်၍ ဝ တို့က မိမိတို့အား တိုက်ခိုက် လာခဲ့မည် ဆိုလျှင်၊ မြန်မာ စစ်တပ်က ၎င်းတို့ကို အနိုင်ယူသွားမည် ဖြစ်ကြောင်း ၎င်းက ပြောကြား သည်။

လွန်ခဲ့သော ၂၀၀၁ ခုနှစ်နှင့် ၂၀၀၂  ခုနှစ်များက  UWSA သည် မြန်မာ စစ်တပ်နှင့် ပူးပေါင်း ကာ ထိုင်းတို့နှင့် စစ်ရေး အရ ထိပ်တိုက် ရင်ဆိုင်မှုများ ပြုလုပ်ခဲ့သည်။ ယခု အခါ ဝ တပ် UWSA မှာ လွတ်လပ်သော အနေအထားမှ မြန်မာ စစ်တပ် အောက်သို့ ပြောင်းလဲရန် ဖိအားပေး ခံနေရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment