Transparency Myanmar

transparency.myanmar@gmail.com

The Telegraph, 18th February 2010

          အိန္ဒိယ နိုင်ငံပိုင် ရေနံနှင့် သဘာဝ ဓာတ်ငွေ့ ကော်ပိုရေးရှင်း ONGC နှင့် GAIL (India) Limited တို့၏ မြန်မာနိုင်ငံ ဓာတ်ငွေ့ စီမံကိန်းများတွင် ဒေါ်လာ ၁.၃၃ ဘီလျံ ရင်းနှီး မြှုပ်နှံမည့် အစီအစဉ်ကို အိန္ဒိယ အစိုးရက ယနေ့ အတည်ပြု လိုက်သည်။ အဆိုပါ စီမံကိန်းမှ ထွက်ရှိမည့် ဓာတ်ငွေ့များကို တရုတ်နိုင်ငံသို့ တင်ပို့မည် ဖြစ်သည်။

          ONGC ၏ ပင်လယ်ရပ်ခြား ဌာနခွဲ ONGC Videsh သည် အဆိုပါ စီမံကိန်းများတွင် ဒေါ်လာ ၈၃၂.၅၄ သန်း ထပ်မံ ရင်းနှီး မြှုပ်နှံမည် ဖြစ်၍ စုစုပေါင်း ရင်းနှီး မြှုပ်နှံငွေ ဒေါ်လာ ၁ ဘီလျံ ကျော်သွားပြီ ဖြစ်သည်။

          တရုတ်သို့ ပို့မည့် ကမ်းလွန်ဓာတ်ငွေ့ ပိုက်လိုင်းနှင့် ဓာတ်ငွေ့လုပ်ကွက် အပါအဝင် စီမံကိန်းများတွင် ဓာတ်ငွေ့လုပ်ငန်း GAIL (India) က ဒေါ်လာ ၅၀၂ သန်း ရင်းနှီး မြှုပ်နှံဦးမည် ဖြစ်သည်။

          မြန်မာ့ကမ်းလွန် A-1 နှင့် A-2 လုပ်ကွက်များမှ ထွက်ရှိသော ဓာတ်ငွေ့များကို သယ်ဆောင်ရန် တရုတ်နိုင်ငံ CNPC က တည်ဆောက်နေသော ပိုက်လိုင်း စီမံကိန်းတွင် ရင်းနှီး မြှုပ်နှံရန် ဝန်ကြီးချုပ် မန်မိုဟန်ဆင်း ဦးဆောင်သော ဗဟို အစိုးရ စွမ်းအင် ကော်မတီ CCEA က OVL နှင့် GAIL ကို ခွင့်ပြုလိုက်ခြင်း ဖြစ်သည်။

          OXL သည် ဓာတ်ငွေ့ ထုတ်လုပ်ရေး လုပ်ငန်းတွင် ၂၀ % ရင်းနှီး မြှုပ်နှံမှု အတွက် ဒေါ်လာ ၆၆၄.၇ သန်း ပေးသွင်းရမည် ဖြစ်ပြီး ပိုက်လိုင်း စီမံကိန်း ရှယ်ယာ ၈.၃၅ % အတွက် ဒေါ်လာ ၁၆၇.၈၄ သန်း သီးခြား ပေးသွင်းရမည် ဖြစ်သည်။

          အဆိုပါ ရင်းနှီး မြှုပ်နှံမှုများကို ပြည်တွင်းနှုန်းဖြင့် တွက်ချက်ပါက ၁၂.၅၃ % နှင့် ၁၅.၅ % အမြတ် အစွန်း ပြန်လည် ရရှိမည်ဟု OVL က မျှော်လင့်ထားသည်။

          အဆိုပါ လုပ်ကွက်များမှ ထွက်ရှိသော ဓာတ်ငွေ့များကို မြန်မာကမ်းခြေ အရောက် ဗြိတိသျှ သာမယ် တစ်ယူနစ်လျှင် အမေရိကန် ဒေါ်လာ ၇.၇၂ ဖြင့် ရောင်းချမည် ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment