Transparency Myanmar

transparency.myanmar@gmail.com

Radioaustralianews.net, 20th February 2010

ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် မြန်မာ အစိုးရက ခွင့်မပြု ခဲ့သောကြောင့် အလွန်ပင် စိတ်မကောင်း ဖြစ်ရသည်ဟု ကုလသမဂ္ဂ ကိုယ်စားလှယ်က ပြောကြား လိုက်သည်။

မည်သို့ပင် ဖြစ်စေ Tomas Ojea Quintana သည် မကြာမီက လွတ်မြောက်လာသော ဒုတိယ ခေါင်းဆောင် ဦးတင်ဦး အပါအဝင် ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီမှ အဓိက ပုဂ္ဂိုလ်များနှင့် တွေ့ဆုံခဲ့သည်။

မြန်မာနိုင်ငံရှိ လူ့အခွင့်အရေး အနေအထားကို အကဲခတ် စစ်ဆေးရန် လာရောက်သော ၅ ရက် ခရီးစဉ် အပြီးတွင် Mr.Quintana က ဒေါ်အောင်ဆန်းစုကြည်နှင့် အခြား နိုင်ငံရေး အကျဉ်းသား အားလုံးကို လာမည့် ရွေးကောက်ပွဲများ မကျင်းပမီ လွှတ်ပေးရန် မြန်မာ အစိုးရကို တောင်းဆို လိုက်သည်။

မြန်မာအစိုးရ၏ အပုန်းကောင်းသူ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့်လည်း တွေ့ဆုံခွင့် ငြင်းပယ်ခံရသူ Mr.Quintana သည် နိုင်ငံခြားရေး ဝန်ကြီး၊ တရားသူကြီးချုပ်၊ ရှေ့နေချုပ်တို့နှင့် တွေ့ဆုံခဲ့သည်။

စောင့်မျှော်နေကြသော ရွေးကောက်ပွဲ ဥပဒေ ကြေညာမည့် အချိန်၊ ရွေးကောက်ပွဲ ကျင်းပမည့် ရက်တို့နှင့် ပတ်သက်၍ တစ်စုံတစ်ရာ မသိရှိ ခဲ့ရပါဟု ၎င်းက ပြောကြားသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment