Transparency Myanmar

transparency.myanmar@gmail.com

The Straits Times, 19th February 2010

ကုလ သမဂ္ဂ အထူး ကိုယ်စားလှယ်သည် သောကြာနေ့က အစိုးရ အဖွဲ့ မှ ဝန်ကြီးများနှင့် တွေ့ဆုံ၍ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့် ရရေး၊ ရွေးကောက်ပွဲ မတိုင်မီ လူ့အခွင့်အရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့သည်။

ယခု အပတ် အတွင်း ဆဋ္ဌမမြောက် နိုင်ငံရေး လှုပ်ရှားသူများကို နှိမ်နှင်းသည့် အနေဖြင့် ဝါရင့် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး တစ်ပါးကို ထောင်ခုနှစ်နှစ် ချမှတ်ခဲ့ခြင်း ဖြစ်သည်။

Tomas Ojea Quintana သည် ငါးရက်မြောက် နောက်ဆုံးနေ့ အဖြစ် နေပြည်တော်သို့ သွားရောက်ပြီး တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ရာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခဲ့ခြင်း မရှိပေ။

Quintana သည် နိုင်ငံခြားရေး ဝန်ကြီး ဦးဥာဏ်ဝင်း၊ ပြည်ထဲရေး ဝန်ကြီး ဗိုလ်ချုပ် မောင်ဦး၊ တရားသူကြီးချုပ်၊ ရှေ့နေချုပ်နှင့် ရဲချုပ်တို့နှင့် တွေ့ဆုံခဲ့ပါသည်။ ထိုသို့ တွေ့ဆုံရာတွင် ပြောကြားမှု အသေးစိတ်ကိုမူ မသိရှိရသေးပေ။

ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီမှ အဖွဲ့ဝင် တစ်ဦးက ပြောကြားရာတွင် ကြာသပတေး နေ့က ၎င်းတို့နှင့် တွေ့ဆုံရာတွင်  Quintana က ၎င်းသည် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့် ရရန် တောင်းခံထားသော်လည်း အစိုးရထံမှ မည်သည့် ပြန်ကြားချက်မျှ မရသေးဟု ပြောခဲ့သည်ဟု ဆိုသည်။

Quintana သည် မြန်မာနိုင်ငံသို့ ရောက်ကတည်းက မည်သည့် ထုတ်ဖော် ပြောကြားမှုမျှ မပြုလုပ် ရသေးသော်လည်း၊ ဘန်ကောက်သို့ မပြန်မီ ရန်ကုန်တွင် မီဒီယာများသို့ ပြောကြားမည်ဟု ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment