Transparency Myanmar

transparency.myanmar@gmail.com

Irish Sun, 18th February 2010

          ဘင်္ဂလားဒေ့ရှ် နိုင်ငံသည် ဒေသတွင်း ဆက်သွယ်မှု တိုးတက်ရေး အတွက် ၎င်း၏ အရှေ့တောင်ဖက်မြို့ Cox's Bazar မှ မြန်မာနိုင်ငံသို့ လမ်းဖောက် လုပ်ရာတွင် အကူအညီများ ရယူရန် အာရှ ဖွံ့ဖြိုးရေးဘဏ် (ADB) သို့ ချဉ်းကပ်လျက် ရှိသည်။

          ဘင်္ဂလားဒေ့ရှ်သည် မြန်မာနိုင်ငံနှင့် လည်းကောင်း၊ တရုတ်နိုင်ငံနှင့် လည်းကောင်း၊ တရုတ်နိုင်ငံ ကူမင်းနယ်အထိ ကုန်းတွင်း ဆက်သွယ်မှု အတွက် အချိန် အတော်ကြာကပင် စကားပြောလျက် ရှိသည်။

          ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က ဒက်ကာမြို့တွင် ဝန်ကြီးချုပ် Sheikh Hasina နှင့် ADB မှ တောင်အာရှ ဌာန ညွှန်ကြားရေးမှူးချုပ် Sultan Hafeez Rahman တို့ တွေ့ဆုံရာတွင် အဆိုပါ ကိစ္စကို ပြောကြားခဲ့ကြောင်း The Daily Star သတင်းစာက ပြောသည်။

          သူမသည် တောင်အာရှ နိုင်ငံများကြား ဖွံ့ဖြိုးတိုးတက်မှု အရှိန်မြှင့်တင်ရန်နှင့် ဆင်းရဲမွဲတေမှု လျော့ချရန် ရည်ရွယ်၍ ဒေသတွင်း ပူးပေါင်း ဆောင်ရွက်မှုနှင့် ဆက်သွယ်မှု ပိုမိုအားကောင်းရန် လိုအပ်ပုံကို အလေးပေး ပြောကြားခဲ့သည်ဟု ဆိုသည်။

          ဘင်္ဂလားဒေ့ရှ်၊ နီပေါ၊ ဘူတန်နှင့် အခြား တောင်အာရှ နိုင်ငံများသည် နှစ်နိုင်ငံနှင့် ဒေသတွင်း ဆက်သွယ်မှု ပိုမို တိုးတက်ရေးကို လုပ်ဆောင်လျက် ရှိသည်။

          ဝန်ကြီးချုပ်နှင့် ADB ထိပ်တန်း တာဝန်ရှိသူတို့သည် လျှပ်စစ်မီး၊ စွမ်းအင်၊ သယ်ယူ ပို့ဆောင်ရေးနှင့် လူမှုရေး ကဏ္ဍများ ကဲ့သို့သော အခြေခံ အဆောက်အအုံများကို ငွေကြေး အကူအညီ ပေးရေး ဆွေးနွေးခဲ့ကြသည်။ ထိုကဏ္ဍများကို ငွေကြေး အကူအညီပေးခြင်းသည် ကမ္ဘာ့စီးပွားရေး ပျက်ကပ်ကြောင့် ဖြစ်လာမည့် အကျိုးဆက်များ နည်းပါးအောင် ကြားခံ ပေးသလိုလည်း ဖြစ်သည်ဟု ဆိုသည်။

          ဝန်ကြီးချုပ်က ဘင်္ဂလားဒေ့ရှ်ကို အခြေခံ အဆောက်အဦး စီမံကိန်းကြီးများတွင် ထပ်ဆောင်း ငွေကြေး အကူအညီများ ပေးနိုင်ကြောင်း ပြောခဲ့သည်ဟု United News of Bangladesh သတင်းဌာန၏ သတင်း ပေးပို့ချက်အရ သိရှိရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment